ကျွန်ုပ်တို့အကြောင်း

နောက်ခံအကြောင်း

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ အကြံပေး(Think Tank) ပုဂ္ဂိုလ်များပါဝင်သော မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ (Myanmar – ISIS) Myanmar Institute of Strategic and International Studies ကို ၁၉၉၂ ခုနှစ် ဇူလိုင်လက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထိုစဉ်က ဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဖွဲ့စည်းခဲ့သည်။

ကနဦးတွင် MISIS သည် နိုင်ငံခြားရေးဆိုင်ရာမူဝါဒချမှတ်ရန်အတွက် သုတေသနနှင့် ဝန်ကြီးဌာနသို့ အကြံပြုချက်များပေးရန် Think Tank အဖြစ် ဆောင်ရွက်ခဲ့သည်။ ဤအဖွဲ့အစည်းတွင် (၄)နှစ် သက်တမ်းဖြင့် အလုပ်အမှုဆောင်အဖွဲ့ရှိပြီး ဥက္ကဋ္ဌမှ ဦးဆောင်ကာ အတွင်းရေးမှူး (၁) ဦး၊ တွဲဖက်အတွင်းရေးမှူး (၁) ဦး တို့ ပါဝင်သည့် အမှုဆောင်အဖွဲ့ဝင် (၁၃) ဦးမှ ကူညီပံ့ပိုးခဲ့သည်။

၁၉၉၂ ခုနှစ်မှစတင်၍ MISIS သည် အာဆီယံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ (ASEAN-ISIS) နှင့် ဒေသတွင်းရှိ အသင်းဝင်နိုင်ငံများ၏ မဟာဗျူဟာအဖွဲ့များနှင့် လေ့လာသည့် အသင်းအဖြစ် နီးနီးကပ်ကပ် လုပ်ကိုင်ခဲ့ပါသည်။ အဖွဲ့အစည်း၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာ သံအမတ်ကြီး ဦးညွန့်မောင်ရှိန်အပါအဝင် နိုင်ငံခြားရေးနှင့် အခြားသက်ဆိုင်ရာဌာနများ အပြောင်း အလဲများနှင့် MISIS သည် ၂၀၁၃ ခုနှစ်တွင် ASEAN-ISIS ၏တင်းပြည့် ဘက်မလိုက်သည့် အသင်းဝင်ဖြစ်လာခဲ့သည်။ MISIS ၏ အဓိကရည်ရွယ်ချက်မှာ – နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အကြံပေးအဖွဲ့အစည်း Think Tank ဖြစ်သည့်အလျောက်၊ အောက်ဖော်ပြပါ Track Two Policy Think Tanks များနှင့်ပါဝင်ပတ်သက်ရန်ဖြစ်ပြီး ၎င်းတို့၏ ကွန်ရက်အသီးသီးတွင် တက်ကြွစွာ ပါဝင်ရန်ဖြစ်သည် –

Track Two Policy Think Tanks များမှာ –

  • အရှေ့အာရှ Think Tank ကွန်ရက် (NEAT)
  • အာဆီယံ-တရုတ် Think Tank ကွန်ရက် (NACT)
  • အာဆီယံ-အိန္ဒိယ Think Tank ကွန်ရက် (NAITT)
  • ငြိမ်းချမ်းရေးနှင့် ရင်ကြားစေ့ရေးဆိုင်ရာအာဆီယံအဖွဲ့အစည်း (AIPR)
  • မဲခေါင်ဒေသလေ့လာရေးဆိုင်ရာကမ္ဘာ့ဗဟိုဌာန(GCMS)
  • မူဝါဒဆိုင်ရာ Think Tank များ၏ ဘင်္ဂလားပင်လယ်အော်နိုင်ငံများ သိပ္ပံ၊ နည်းပညာ၊ စီးပွားရေး စသည့်ဘက်စုံကဏ္ဍတွင် ပူးပေါင်းသော ပဏမခြေလှမ်း၏ကွန်ရက် (BNPTT)
  • အာဆီယံ-ရုရှား Think Tank ကွန်ရက် (NARTT)
  • အာရှ-ပစိဖိတ်အတွင်း လုံခြုံရေး ပူးပေါင်းမှုကောင်စီ (CSCAP)
  • ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံတကာနှင့် မဟာဗျူဟာလေ့လာရေးအဖွဲ့ (BIISS)
  • ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီအဖွဲ့ (IPD)
  • ကာကွယ်ရေးဆိုင်ရာ စိတ်ဖြာလေ့လာရေးအဖွဲ့ (IDSA)
  • ကူမင်းတက္ကသိုလ် (Kumming University)

ထို့ပြင် အောက်ဖော်ပြပါ ပြည်တွင်းကွန်ရက်များနှင့်လည်း ချိတ်ဆက်မှုပြု၍ လုပ်ဆောင်လျက်ရှိသည်- 

  • မဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးဗဟို (CSIS)
  • သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့ (TISS)

၂၀၂၂ ခုနှစ် ဇူလိုင်လက Myanmar-ISIS ကို တတိယ (၄) နှစ်တာအတွက် ပြုပြင်မှုများ ပြန်လည် ပြုလုပ်ခဲ့သည်။ ဤတတိယအကြိမ်တွင်မူ အသိပညာရှင်၊ အတတ်ပညာရှင် အများအပြားနှင့် ယခင် သံတမန်ဟောင်းများကို စုစည်း၍ ပိုမိုတိုးချဲ့ထားသော ရည်မှန်းချက်များဖြင့် ပြန်လည်စတင်ခဲ့ပါသည်။ အမှုဆောင်အဖွဲ့ကိုလည်း လေးစားရသော အဆင့်မြင့်ပညာရှင်ကြီး (၈) ဦး၏ ဘုတ်အဖွဲ့က ပံ့ပိုးဖြည့်စွက်ပေးလျက်ရှိသည်။ သို့ပါ၍ ယခုအချိန်အခါတွင် ပေါ်ထွက်လာမည့် နိုင်ငံတကာနှင့် ဒေသတွင်း လုံခြုံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုကဏ္ဍ အသီးသီးတို့၏ လှုပ်ရှားမှုနှင့် အင်အားဆိုင်ရာ ပညာ(Dynamics ပညာ) တို့အပေါ် ပိုမိုကျယ်ပြန့်စိတ်ဖြာလေ့လာမှုများနှင့် အကြံပြု ထောက်ခံချက်များ ထုတ်လုပ်ရန်အတွက် MISIS တွင်တာဝန်ရှိလာပါသည်။ သို့ပါ၍ MISIS အနေဖြင့် အဓိကနယ်ပယ်များတွင် ပူးပေါင်း လှုပ်ရှားလာရမှုများကြောင့် –

  • နိုင်ငံနှင့်ဒေသအတွင်း ငြိမ်းချမ်းရေး၊ ချမ်းသာကြွယ်ဝခြင်းနှင့် တည်ငြိမ်ခြင်းတို့ကို မြှင့်တင်ရန် သုတေသနလုပ်ငန်းများနှင့် ပူးပေါင်းသုတေသနအစီအစဉ်များတွင် ပါဝင်ပတ်သက်မှုရှိလာခြင်း၊
  • ဒေသတွင်းနိုင်ငံများအကြား ဘက်ပေါင်းစုံနှင့် နှစ်ဦးနှစ်ဖက်ပါဝင်သော ပညာရပ်နယ်ပယ်များကို ပိုမိုသဘောပေါက်နားလည်လာစေရန်နှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန်အတွက်- အခြေခံ တည်ဆောက်မှုများနှင့် Think Tanks များ ပူးပေါင်းမှုနှင့် အပြန်အလှန် ဖလှယ်မှုများ ပြုလုပ်လာခြင်း၊
  • နိုင်ငံများအကြား ပြည်သူအချင်းချင်း ဆက်ဆံမှု၏ လှုပ်ရှားမှုများကို ကူညီထောက်ပံ့လာခြင်း၊
  • အမျိုးသားမဟာဗျူဟာနှင့် မူဝါဒဖော်ထုတ်မှုများတွင် သုတေသနပြုမှုနှင့် တိုးတက်မှုအတွက် ပါဝင်ကူညီခြင်း၊
  • လူထုနှင့် နိုင်ငံတကာအသိုက်အဝန်းကို နိုင်ငံတော်၏ မူဝါဒနှင့် လှုပ်ရှားဆောင်ရွက်မှုများ ပိုမို နားလည်သဘောပေါက်လာစေရန်အတွက် သတင်း၊ ဆောင်းပါးနှင့် စာတမ်းများကို အချိန်နှင့် တစ်ပြေးညီ ထုတ်လုပ်တင်ဆက်ခြင်း စသည်တို့ ဖြစ်လာပါသည်။

ပြန်လည်ဖွဲ့စည်းလိုက်သည့် MISIS ၏ အဓိကရည်ရွယ်ချက်မှာ – ပြည်တွင်းနှင့် ပြည်ပရေးရာ မျက်မှောက်ဖြစ်ရပ်များကို သုတေသနပြုရန်ဖြစ်သည်။ ၎င်းအပြင် အခြားတာဝန်တစ်ခုမှာ- ပြည်တွင်းနှင့် ပြည်ပမှ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများနှင့်လည်း ဆက်ဆံရေးပိုမိုတိုးချဲ့ရန်နှင့် တိုးတက်ဖွံ့ဖြိုးလာ စေရန်ဖြစ်သည်။

ဤကဲ့သို့ Myanmar-ISIS သည် ရှေ့အနာဂတ်ဆီသို့ လှမ်းတက်လာသည်နှင့်အမျှ သုတေသန လုပ်ငန်းများ နှင့် ချိတ်ဆက်ဆောင်ရွက်မှုများက အဓိက ပဓာနကျသော လုပ်ငန်းတာဝန်ဖြစ်လာပါသည်။ MISIS မှ ပြုစုသော သုတေသနစာတမ်းများ၊ သတင်း၊ အစီရင်ခံစာများနှင့် ထောက်ခံအကြံပြုချက် များကို မူဝါဒနှင့် မဟာဗျူဟာဖော်ထုတ်မှုအတွက် ဖြည့်ဆည်းနိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနများသို့ တင်ပြလျက်ရှိပါသည်။

ပြည်တွင်းနှင့်နိုင်ငံတကာမှ မိတ်ဖက် Think Tanks များ၊ ပညာရှင်များနှင့် အရာရှိများ၏ ပါဝင်ကူညီမှုနှင့် ပူးတွဲအားထုတ်ကြိုးပမ်းမှုများဖြင့်သာ MISIS ၏ တာဝန်ဝတ္တရားများကို အောင်အောင် မြင်မြင် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ပညာတော်သင်များ အတတ်ပညာတစ်ခုခုကို လက်တွေ့ ကျင့်သုံးသူများနှင့် ယခင်သံတမန်ဟောင်းများ၏ ပူးတွဲဆောင်ရွက်မှုမှ ပေါ်ထွက်လာမည့် မူဝါဒဆိုင်ရာ အကောင်းဆုံးသော အကြံပြုချက်များကိုလည်း ဒေသတွင်းနှင့် နိုင်ငံတကာမှ အဆင့်တူ ပုဂ္ဂိုလ်များနှင့် အပြန်အလှန် ကျယ်ကျယ်ပြန့်ပြန့် မျှဝေမှသာလျှင် ရလဒ်တန်ဖိုးကို ပိုမိုတက်လာနိုင်စေပါမည်။

သို့ဖြစ်ပါ၍ ပြန်လည်ဖွဲ့စည်းထားသည့် Myanmar-ISIS ၏ ရည်မှန်းချက်များ – ယနေ့အချိန် အခါကဲ့သို့ ကျွန်ုပ်တို့၏ ဒေသကို ဝိုင်းရံနေသည့် များပြားလှသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည့်အခါ အကြားအမြင် ကြွယ်ဝသော ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို အားပေးတိုက်တွန်း နေမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံမဟာဗျူဟာ နှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS)

အမှတ် (၃၇)၊ သံတမန်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
(၀၁၈) ၂၂၈၈၃၃
(၀၁၈) ၂၂၀၄၁၅

သတင်းများ

မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် နိုင်ငံတကာဆက်ဆံရေး စင်တာတို့အကြား အွန်လိုင်းမှတစ်ဆင့် မိတ်ဆက်တွေ့ဆုံပွဲ ကျင်းပခြင်း

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် ပိုလန်နိုင်ငံ၊ ဝါဆောမြို့အခြေစိုက် နိုင်ငံတကာလေ့လာရေးစင်တာ (Centre for International Relations-CIR) တို့အကြား မိတ်ဆက်တွေ့ဆုံပွဲကို ၂၀၂၆ ခုနှစ် မေလ (၂၁) ရက် မွန်းလွဲပိုင်းတွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့ပါသည်။...

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် ဘယ်လာရုစ်နိုင်ငံ မဟာဗျူဟာသုတေသနအဖွဲ့တို့အကြား အွန်လိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ခြင်း

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS)နှင့် ဘယ်လာရုစ်နိုင်ငံ မဟာဗျူဟာသုတေသနအဖွဲ့(BISR) တို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန်နှင့် နား လည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး လက်တွေ့အစီအစဉ်များကို ဆွေးနွေးနိုင်ရန်တို့ အတွက်...

MISIS နှင့် IPRI တို့အကြား “Think Tanks as Strategic Actors: How MISIS and IPRI Can Shape Regional Policy” ခေါင်းစဉ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ခြင်း

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) နှင့် အစ္စလာမာဘတ် မူဝါဒရေးရာ သုတေသနအဖွဲ့ (IPRI) တို့အကြား 2015 ခုနှစ်တွင် လက်မှတ်ရေးထိုးထားသည့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထွေထွေသဘောတူညီချက်အရ အွန်လိုင်းဆွေးနွေးပွဲတစ်ရပ်ကို “Think Tanks as Strategic...

လှုပ်ရှားဆောင်ရွက်မှုများ

၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း လာမည့်ငါးနှစ်အတွင်း မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းသစ်များ” ဆွေးနွေးပွဲ ကျင်းပခြင်း

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) နှင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တရုတ်ဖောင်ဒေးရှင်း (CFPD) တို့ပူးတွဲ၍ မြန်မာ-တရုတ် အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်မှုကို မြှင့်တင်နိုင်ရေး ရည်ရွယ်ချက်ဖြင့် “၁၅ ကြိမ်မြောက်...

ရေရှည်တည်တံ့သည့် သာယာဝပြောမှုအတွက် အစဉ်ခိုင်မြဲနေမည့် မြန်မာ-အိန္ဒိယ မိတ်ဖက်ဆက်ဆံရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ခြင်း

မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) နှင့် အိန္ဒိယဖောင်ဒေးရှင်း (India Foundation) တို့ ပူးတွဲ၍ တတိယအကြိမ်မြောက် မြန်မာ-အိန္ဒိယ ဆွေးနွေးပွဲကို “ရေရှည်တည်တံ့သည့် သာယာဝပြောမှုအတွက် အစဉ်ခိုင်မြဲနေမည့် မြန်မာ-အိန္ဒိယ မိတ်ဖက်ဆက်ဆံရေး” ခေါင်းစဉ်ဖြင့်...

“Academic Diplomacy and International Studies: Prospects for Russia and Myanmar” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့က ကြီးမှူး၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်တက္ကသိုလ်မှ Deputy Dean ဖြစ်သူ Mr. Dmitry Baryshnikov က “Academic Diplomacy and International Studies: Prospects for Russia and Myanmar” ခေါင်းစဉ်ဖြင့်...

သုတေသနနှင့် စာအုပ်စာနယ်ဇင်း ပုံနှိပ်ထုတ်ဝေမှု

ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါလျက်ရှိသည့် တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးရေးတက္ကသိုလ်

တောင်နှင့်အရှေ့တောင်အာရှတွင် အမေရိကန်နှင့် ဂျပန်တို့၏ လူသားချင်းစာနာ ထောက်ထားကူညီမှုနှင့် ဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးအတွက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုအပေါ် မြန်မာ့အမြင် -
ဦးညွန့်မောင်ရှိန်

အာဆီယံနိုင်ငံများ ပေါင်းစည်းမှုတွင် နိုင်ငံမဲ့သရုပ်ဆောင်များ၏ အခန်းကဏ္ဍ - ဦးသွင်ထက်လင်း

ဒေသတွင်း ရေကြောင်းသွားလာမှု ပဋိပက္ခများ ဖြေရှင်းပြေလည်စေရန် မြန်မာနိုင်ငံမှ ကြိုတင်ပြင်ဆင်ထားမှု - ဦးညွန့်မောင်ရှိန်

ပြောင်းလဲနေသည့် နိုင်ငံတကာ၏ နိုင်ငံရေးမြင်ကွင်း နောက်ကွယ်မှ ပေါ်ထွက်လာသော မြန်မာ - Robert Taylor

ကမ္ဘာ့နိုင်ငံရေးဆိုင်ရာ စီးပွားရေးတွင် ပါဝင်နေသော မြန်မာ - Jonathan Ping

ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရာတွင် ပညာရှင်ပီသစွာ ချဉ်းကပ်ကိုင်တွယ်ဖြေရှင်းနည်း - Mr. Bo Rasmussen

အစိုးရဝန်ကြီးဌာန၏ ကွန်ရက်များ

ဂူဂဲ(လ်) မြေပုံပေါ် ရှာတွေ့နိုင်

ဆက်သွယ်ရန်

မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာ လေ့လာရေးအဖွဲ့ (MISIS)

အမှတ် (၃၇)၊ သံတမန်လမ်း၊ ဒဂုံမြို့နယ်၊
ရန်ကုန်မြို့။
.

တယ်လီဖုန်း

(၀၁၈) ၂၂၈၈၃၃

တယ်လီဖုန်း / ဖက်(စ်)

(၀၁၈) ၂၂၀၄၁၅

ကွန်ရက်