ဘင်းမ်စတက် အတွင်းရေးမှူးချုပ်က MISIS ဥက္ကဋ္ဌအား လာရောက်တွေ့ဆုံခဲ့ခြင်း

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်သည် ဘင်းမ်စတက် အတွင်းရေးမှူးချုပ်ဖြစ်သူ H.E. Mr. Indra Mani Pandey အား ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက် (ကြာပသတေးနေ့) တွင် MISIS ရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် ဘင်းမ်စတက် မူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာစေရေးနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် ဒေသတွင်း မူဝါဒဆိုင်ရာ ဆွေးနွေးဖလှယ်မှုများ အားကောင်းလာစေရေးနှင့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်း သာယာဝပြောမှုတို့ကိုဖော်ဆောင်ရန် ရည်ရွယ်သည့် ဘုံရည်မှန်းချက်များ အကောင်အထည်ဖော်ရေး ကိစ္စရပ်များအပေါ် အမြင်များဖလှယ်ခဲ့ကြပါသည်။