မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် နိုင်ငံတကာဆက်ဆံရေး စင်တာတို့အကြား အွန်လိုင်းမှတစ်ဆင့် မိတ်ဆက်တွေ့ဆုံပွဲ ကျင်းပခြင်း
မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် ပိုလန်နိုင်ငံ၊ ဝါဆောမြို့အခြေစိုက် နိုင်ငံတကာလေ့လာရေးစင်တာ (Centre for International Relations-CIR) တို့အကြား မိတ်ဆက်တွေ့ဆုံပွဲကို ၂၀၂၆ ခုနှစ် မေလ (၂၁) ရက် မွန်းလွဲပိုင်းတွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ဦးစွာ MISIS ဥက္ကဋ္ဌ ဦးသန့်ကျော်နှင့် CIR ဥက္ကဋ္ဌ Dr. Małgorzata Bonikowska တို့က မိတ်ဆက်နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပါသည်။ ယင်းနောက် နှစ်ဖက်အဖွဲ့အစည်းအကြား နှစ်နိုင်ငံဆွေးနွေးပွဲများ ကျင်းပခြင်း၊ ကျွမ်းကျင်သူများ၏ အပြန်အလှန်ခရီးစဉ်များ စီစဉ်ခြင်းနှင့် နှစ်ဖက်စိတ်ဝင်စားမှုရှိသည့် ဘာသာရပ်များအပေါ် သုတေသနပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခြင်းအပါအဝင် အဖွဲ့အစည်းနှစ်ရပ်အကြား အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်မည့် အခွင့်အလမ်းများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ အဖွဲ့ဝင်များနှင့် မြန်မာသံရုံး၊ ဘာလင်မြို့မှ ကိုယ်စားလှယ်လည်း တက်ရောက်ခဲ့ပါသည်။



