MISIS အား ဆင်ဟွာသတင်းဌာနက မိတ်ဖက် အသိအမှတ်ပြုလွှာ ပေးပို့လာခြင်း
မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) နှင့် ဆင်ဟွာသတင်းဌာနတို့အကြား ၁၉-၆-၂၀၂၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့သော ပူးပေါင်းဆောင်ရွက်မှုကို ရည်ရွယ်သည့်စာလွှာ (Letter of Intent for Cooperation) အရ ကမ္ဘာ့တောင်ခြမ်းမီဒီယာနှင့် တတ်သိပညာရှင်အဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်အစီအစဉ်အောက်တွင် MISIS အား မိတ်ဖက်အဖြစ် တရားဝင်အသိအမှတ်ပြုသည့် လက်မှတ်အား ဆင်ဟွာသတင်းဌာနထံမှ လက်ခံရရှိခဲ့ပါသည်။



