MISIS နှင့် IPRI တို့အကြား “Think Tanks as Strategic Actors: How MISIS and IPRI Can Shape Regional Policy” ခေါင်းစဉ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ခြင်း
မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) နှင့် အစ္စလာမာဘတ် မူဝါဒရေးရာ သုတေသနအဖွဲ့ (IPRI) တို့အကြား 2015 ခုနှစ်တွင် လက်မှတ်ရေးထိုးထားသည့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထွေထွေသဘောတူညီချက်အရ အွန်လိုင်းဆွေးနွေးပွဲတစ်ရပ်ကို “Think Tanks as Strategic Actors: How MISIS and IPRI Can Shape Regional Policy” ခေါင်းစဉ်ဖြင့် 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်၊ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲကို MISIS ဥက္ကဋ္ဌ ဦးသန့်ကျော်နှင့် IPRI ဥက္ကဋ္ဌ Lt. Gen. Majid Ehsan (Retd.) တို့က ပူးတွဲဦးဆောင်၍ ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် အဖွဲ့အစည်းနှစ်ရပ်အကြား နှစ်ဖက်စိတ်ဝင်စားမှုရှိသည့် ဘာသာရပ်များအပေါ် သုတေသနစာတမ်းများ ပြုစုရေးသားနိုင်ရေးနှင့် အွန်လိုင်းဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအပါအဝင် ထိတွေ့ဆက်ဆံမှုနှင့် သုတေသနဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး ကိစ္စရပ်များအပေါ် အမြင်များဖလှယ်ခဲ့ကြပါသည်။ ထို့အပြင် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေးနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံတို့အပေါ် ပူးတွဲလေ့လာမှုများ ပြုလုပ်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြပါသည်။



