

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် China Institute of Fudan University မှ Dean Professor Dr. Zhang Weiwei ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ယင်းသို့တွေ့ဆုံစဉ် နှစ်ဖက်အဖွဲ့အစည်းများအကြား အနာဂတ်ပူးပေါင်းဆောင်ရွက်နိုင်မှု အလားအလာများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။