မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့က ကြီးမှူး၍ ရန်ကုန်မြို့ရှိ အီဂျစ် အာရပ်သမ္မတနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Ahmed Abadallah Mahmoud Atiya El-Tahlawy က “Gaza Recovery, Reconstruction and Development Plan” ခေါင်းစဉ်ဖြင့် ဟောပြောပွဲတစ်ရပ်ကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ၇-၄-၂၀၂၅ ရက်၊ ၁၀:၀၀ နာရီတွင် ကျင်းပခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ဝါရင့်သုတေသီများနှင့် လက်ထောက်သုတေသီများ တက်ရောက်ခဲ့ကြပါသည်။