မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးသန့်ကျော်သည် ကိုရီးယားသမ္မတနိုင်ငံ၊ ဂျယ်ဂျူးမြို့ရှိ Lotte Hotel ၌ ၂၀၂၅ ခုနှစ်၊ မေလ ၁၄ ရက်တွင် ကျင်းပခဲ့သည့် ပထမအကြိမ် အာဆီယံ-ကိုရီးယား တတ်သိပညာရှင်အဖွဲ့များ ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲကို ကိုရီယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ဦးဆောင်တတ်သိပညာရှင်အဖွဲ့များ၏ အကြီးအကဲများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။


