


မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ်မြို့အခြေစိုက် အစ္စလာမာဘတ် မဟာဗျူဟာလေ့လာရေးအဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်ရေးစာလွှာကို ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် (သောကြာနေ့) ၁၂း၃၀ နာရီအချိန်တွင် Virtual ပုံစံဖြင့် လက်မှတ်ရေးထိုးခဲ့ပြီး နှစ်ဖက်အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ နှစ်ဖက်အဖွဲ့အစည်းတို့မှ အဖွဲ့ဝင်များ၊ ပါကစ္စတန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝဏ္ဏဟန်နှင့် ရန်ကုန်မြို့ရှိ ပါကစ္စတန်သံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Anwar Zeb တို့တက်ရောက်ခဲ့ကြပါသည်။