မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတကာနှင့် မဟာဗျူဟာလေ့လာရေးအဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထွေထွေသဘောတူညီချက်အား သက်တမ်းတိုးမြှင့်သည့် သဘောတူညီချက်ကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်တွင် စင်ကာပူနိုင်ငံ၌ နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ကြပါသည်။
အဆိုပါ အထွေထွေသဘောတူညီချက်အား သက်တမ်းတိုးချုပ်ဆိုနိုင်သည့်အတွက် မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတကာနှင့် မဟာဗျူဟာလေ့လာရေးအဖွဲ့တို့အကြား ကျွမ်းကျင်ပညာရှင်များနှင့် သုတေသီများအကြား အပြန်အလှန် နှီးနှောဖလှယ်မှု၊ နှစ်ဖက်အကြား သုတေသနအစီအစဉ်များ ဆောင်ရွက်နိုင်မှုနှင့် စာအုပ်စာတမ်းများ ရိုက်နှိပ်ထုတ်ဝေမှုများ ဆက်လက်ပြုလုပ်သွားနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။