မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် ဘယ်လာရုစ်နိုင်ငံ မဟာဗျူဟာသုတေသနအဖွဲ့တို့အကြား အွန်လိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ခြင်း
မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS)နှင့် ဘယ်လာရုစ်နိုင်ငံ မဟာဗျူဟာသုတေသနအဖွဲ့(BISR) တို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန်နှင့် နား လည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး လက်တွေ့အစီအစဉ်များကို ဆွေးနွေးနိုင်ရန်တို့ အတွက် အွန်လိုင်းဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်၊ မွန်းလွဲပိုင်းတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲကို MISIS ဥက္ကဋ္ဌ ဦးသန့်ကျော်နှင့် BISR အကြီးအကဲ Mr. Oleg Makarov တို့က ပူးတွဲဦးဆောsင်၍ ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် အစဉ်အလာအရ ကောင်းမွန်သည့် မြန်မာ-ဘယ်လာရုစ် ဆက်ဆံ ရေး၊ အဆင့်မြင့်ခေါင်းဆောင်များ၏ အပြန်အလှန်ဖလှယ်မှုများနှင့် အဖွဲ့အစည်းဆိုင်ရာ ထိတွေ့ ဆောင်ရွက်မှုများ၊ အစိုးရများအကြားဆက်ဆံရေးကို အားဖြည့်ပေးလျက်ရှိသည့် လမ်းကြောင်း (၂) နှင့် လမ်းကြောင်း(၁.၅) ဆွေးနွေးပွဲများ၏ အခန်းကဏ္ဍတို့နှင့်ပတ်သက်၍ အလေးထားဆွေးနွေး ခဲ့ကြပါသည်။ သုတေသနအဖွဲ့နှစ်ခုအကြား မူအရသဘောတူညီပြီးဖြစ်သည့် နားလည်မှုစာချွန်လွှာ ကို နှစ်ဖက်အဆင်ပြေမည့် နေ့ရက်နှင့်နေရာတို့အား ဆက်လက်ညှိနှိုင်းလျက် လက်မှတ်ရေးထိုး သွားမည်ဖြစ်ပါသည်။ ထို့ပြင် အဖွဲ့အစည်း နှစ်ရပ်အကြား ပူးတွဲသုတေသနများ ပြုစုခြင်း၊ ပညာရှင် များဖလှယ်ခြင်းနှင့် နိုင်ငံတကာဖိုရမ်များတွင် ထိတွေ့ခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် နိုင်ရန် ကတိကဝတ်များကို ထပ်လောင်းအတည်ပြုခဲ့ကြပါသည်။



