မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့က ဘယ်လာရုစ်ရွေးကောက်ပွဲလေ့လာရေးအဖွဲ့အား လက်ခံတွေ့ဆုံခဲ့ခြင်း
မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ Belarusian Party (Balaya Rus) အကြီးအကဲ Mrs. Volha CHAMADANOVA ဦးဆောင်သော ဘယ်လာရုစ်ရွေးကောက်ပွဲလေ့လာရေးအဖွဲ့အား ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ၂၂-၁-၂၀၂၆ ရက် (ကြာသပတေးနေ့) ညနေပိုင်းတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ ရွေးချယ်တင်မြှောက်မှုနည်းစနစ်နှင့် အတွေ့အကြုံများစသည့် ကိစ္စရပ်များအပေါ် အမြင်များဖလှယ်ခဲ့ကြပါသည်။ တွေ့ဆုံပွဲသည် ခင်မင်ရင်းနှီးစွာနှင့် အပြုသဘောဆောင်ခဲ့ပြီး မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့အကြား အပြန်အလှန်နားလည်မှု ပိုမိုမြှင့်တင်နိုင်ခဲ့သည်။



