မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် ဘယ်လာရုစ်သတင်းဌာနမှ သတင်းထောက်တို့တွေ့ဆုံခဲ့ခြင်း

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဘယ်လာရုစ်သမ္မတနိုင်ငံ၊ National State TV and Radio Company (Belteleradiocompany) ၏ The First News Channel မှ အထူးသတင်းထောက် Ms. Benedzisiuk Anastasiya က ၁၅-၁၁-၂၀၂၅ ရက်၊ မွန်းလွဲ ၁၃၀၀ နာရီအချိန်တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး၌ တွေ့ဆုံမှုပြုလုပ်ခဲ့ပါသည်။

ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ ဦးစားပေးကိစ္စရပ်များ၊ ဒေသတွင်းဖြစ်ပေါ်တိုးတက်မှုများနှင့် မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား နှစ်ဖက်စိတ်ပါဝင်စားသည့် နယ်ပယ်များအပေါ် အမြင်များနက်ရှိုင်းစွာ ဖလှယ်ခွင့်ရရှိခဲ့ကြပါသည်။