မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးမှုမြှင့်တင်ရေးအသင်းတို့အကြား အလုပ်သဘောညှိနှိုင်းချက် (၂၀၂၅) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂ ရက် (သောကြာနေ့) မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ပါသည်။ အဆိုပါအလုပ်သဘောညှိနှိုင်းချက်အရ မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးကို ခိုင်မာစေနိုင်ရေး၊ နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် ဆွေးနွေးပွဲများ ပူးပေါင်းကျင်းပရေးနှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရှိ တရုတ်လေ့လာရေးဌာနစိတ်က ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများတွင် အထောက်ပံ့ပြုရေးတို့ကို နှစ်ဖက်အဖွဲ့တို့အကြား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။