နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ တွေ့ဆုံခြင်း

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ၄-၁၂-၂၀၂၅ ရက် (ကြာသပတေးနေ့) မွန်းလွဲပိုင်းတွင် တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းနှင့် ကမ္ဘာ့ရေးရာကိစ္စရပ်များအပေါ် ၎င်း၏အမြင်များကို မျှဝေပြောကြားခဲ့ပြီး MISIS အဖွဲ့ကလည်း နိုင်ငံတော်၏ မူဝါဒချမှတ်ရာတွင် အထောက်အကူဖြစ်စေမည့် မဟာဗျူဟာကျသည့် သုံးသပ်အကြံပြုချက်များကို တင်ပြခဲ့ကြပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ မဟာဗျူဟာရှုထောင့်ကို ပိုမိုခိုင်မာစေမည့် ဆက်လက်ပူးပေါင်းဆောင်ရွက်မှုများနှင့် ဗဟုသုတမျှဝေရေး အရေးပါမှုကို ပြည်ထောင်စုဝန်ကြီးက အလေးထားပြောကြားခဲ့ပါသည်။