နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များအား ၁၁-၆-၂၀၂၄ ရက် (အင်္ဂါနေ့) မွန်းလွဲ (၁ :၀၀) နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ နိုင်ငံတော်၏ လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာကိစ္စများနှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုများနှင့်စပ်လျဉ်း၍ ပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။
Myanmar Institute of Strategic and International Studies
11 June 2024

