နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ထမ်းဟောင်းများအသင်းသို့ အလှူငွေများ လွှဲပြောင်းပေးအပ်ခဲ့ခြင်း
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ က မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ထမ်းဟောင်းများအသင်းသို့ အလှူငွေ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ၁၂-၁၁-၂၀၂၅ ရက်၊ နံနက် (၁၁၃၀) နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး အဖွဲ့ရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ထမ်းဟောင်းများအသင်းအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများနှင့် တာဝန်ထမ်းဆောင်ဆဲ နိုင်ငံခြားရေးဝန်ထမ်းများ၏ အလှူငွေများ ပေးအပ်လှူဒါန်းမှုနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး အလှူငွေများ ပေးအပ်ခဲ့ပါသည်။ ယင်းနောက် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ထမ်းဟောင်းများအသင်း ဥက္ကဌက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ကျော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အငြိမ်းစား အဆင့်မြင့်အရာရှိကြီးများနှင့် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ထမ်းဟောင်းများအသင်း အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ထမ်းဟောင်းများအသင်းအား နိုင်ငံခြားရေးဝန်ထမ်းဟောင်းများအချင်းချင်း ပြန်လည်ဆုံဆည်းခွင့်ရရှိပြီး တစ်ဦးနှင့်တစ်ဦး နွေးထွေးသော ချစ်ခင်ရင်းနှီးလေးစားမှုများ အဓွန့်ရှည်စေရန်နှင့် နိုင်ငံခြားရေးဝန်ထမ်းဟောင်းများ၏ ကြွယ်ဝသည့် သံတမန်ရေးဆိုင်ရာ အတွေ့အကြုံဗဟုသုတများကို လက်ဆင့်ကမ်းပေးနိုင်စေရန်ရည်ရွယ်၍ ၂၀၂၀ ပြည့်နှစ်၊ မေလတွင် တည်ထောင်ခဲ့ပြီး ယခုအခါ လူမှုရေးအသင်းအဖွဲ့အဖြစ် မှတ်ပုံတင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။