မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လာအိုနှင့် ထိုင်းနိုင်ငံတို့သို့ သွားရောက်ခဲ့ခြင်း
မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ကျော် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ-လာအို နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုတစ်ရပ်အဖြစ် ၂၈-၁၁-၂၀၂၅ ရက်တွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) နှင့် လာအိုနိုင်ငံခြားရေးရာ အင်စတီကျု (IFA) တို့အကြား “Laos-Myanmar: 70 Years of Friendship and Cooperation-Reflecting on the past, Shaping Our Shared Future” ခေါင်းစဉ်ဖြင့် ပူးတွဲကျင်းပသည့် ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
ယင်းနောက် MISIS ကိုယ်စားလှယ်အဖွဲ့သည် ၁-၁၂-၂၀၂၅ ရက်တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ International Institute for Trade and Development မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အဖွဲ့အစည်းနှစ်ရပ်အကြား ပညာရပ်ပိုင်းဆိုင်ရာ လုပ်ငန်းအစီအစဉ်များနှင့် ပူးတွဲသုတေသနစာတမ်း ရေးသားမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်အကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အလုပ်သဘောညှိနှိုင်းချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။



