“Academic Diplomacy and International Studies: Prospects for Russia and Myanmar” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း
မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့က ကြီးမှူး၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်တက္ကသိုလ်မှ Deputy Dean ဖြစ်သူ Mr. Dmitry Baryshnikov က “Academic Diplomacy and International Studies: Prospects for Russia and Myanmar” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ၁၇-၁၀-၂၀၂၅ ရက်၊ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ပါသည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၏ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov၊ စိန့်ပီတာစဘတ်မြို့၊ ပြည်ပဆက်ဆံရေးကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Viacheslav Kalganov ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရန်ကုန်မြို့အခြေစိုက် ရုရှားသံရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ သုတေသီများ၊ မြန်မာသံတမန်သင်တန်းကျောင်း သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်းမှ သင်တန်းသားများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက ခေတ်သစ်သံခင်းတမန်ခင်းပုံဖော်မှုတွင် လေ့လာသင်ယူမှုဆိုင်ရာ သံခင်းတမန်ခင်း (Academic Diplomacy) နှင့် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အပြန်အလှန် ပညာသင်ကြားမှုများပြုလုပ်နိုင်ရေးကိစ္စ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။



