မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) နှင့် အီတလီနိုင်ငံ၊ ပီစတိုရီယာမြို့အခြေစိုက် Mediterranean Eurasia Studies Center (CeSEAM) တို့အကြား အလုပ်သဘောညှိနှိုင်းချက်ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။

အဆိုပါ အလုပ်သဘောညှိနှိုင်းချက်အရ အဖွဲ့အစည်းနှစ်ရပ်အကြား ဒေသတွင်းနှင့် နိုင်ငံတကာရေးရာဆိုင်ရာ ဆွေးနွေးပွဲများ ပူးပေါင်းကျင်းပခြင်း၊ စာအုပ်စာတမ်း ထုတ်ဝေမှုများ ဖလှယ်‌ခြင်းနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းတို့အပါအဝင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို ဆောင်ရွက်နိုင်ကြမည်ဖြစ်ပါသည်။