မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် ဆင်ဟွာသတင်းအေဂျင်စီတို့အကြား ကမ္ဘာ့တောင်ခြမ်း ပူးပေါင်းဆက်သွယ်ရေး မိတ်ဖက်အစီအစဉ်အတွက် ပူးပေါင်းဆောင်ရွက်မှုကို ရည်ရွယ်သည့်စာလွှာလက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက် (ကြာသပတေးနေ့) တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး၌ ကျင်းပခဲ့ပါသည်။

အဆိုပါစာလွှာလက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဥက္ကဋ္ဌ၊ ဝါရင့်အကြံပေးနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ဆင်ဟွာသတင်းအေဂျင်စီမှ အာရှ-ပစိဖိတ်ဒေသအကြီးအကဲ Ms. Chen Huijun၊ အထွေထွေမန်နေဂျာ Mr. Zhao Yue ၊ ရန်ကုန်ရုံးခွဲအကြီးအကဲ Mr. Zhang Dongqiang နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို အခြေခံလျက် ကမ္ဘာ့တောင်ခြမ်းနိုင်ငံများ၏ အရေးပါမှုကို မြှင့်တင်ဆောင်ရွက်သွားရန် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် ဆင်ဟွာသတင်းအေဂျင်စီတို့အကြား ပညာရှင်အဖွဲ့များ၏ မီဒီယာကွန်ရက် အသုံးပြု၍ နှီးနှောဖလှယ်ပွဲများ၊ ဆွေးနွေးမှုများ ပူးပေါင်းကျင်းပသွားမည်ဖြစ်သည်။