မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် အီဂျစ်နိုင်ငံခြားရေးရာ ကောင်စီတို့အကြား ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက် (ကြာသပတေး နေ့) မွန်းလွဲပိုင်းတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေး၌ မဟာဗျူဟာနှင့် နိုင်ငံတကာရေးရာများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် တတ်သိပညာရှင်အဖွဲ့ နှစ်ဖွဲ့အကြား မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုစာလွှာ လက်မှတ်ရေးထိုးနိုင်ရေး၊ မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ လျော့ပါးရေးတွင် အီဂျစ်နိုင်ငံ၏ အခန်းကဏ္ဍတို့နှင့်စပ်လျဉ်း၍ အမြင်များ ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ နှစ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အတူ ကိုင်ရိုမြို့၊ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့် ရန်ကုန်မြို့ရှိ အီဂျစ်သံရုံးမှ သံအမတ်ကြီးတို့လည်း ပါဝင်တက်ရောက်ခဲ့ပါသည်။

