မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) နှင့် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ်မြို့ အခြေစိုက် အစ္စလာမာဘတ် မဟာဗျူဟာလေ့လာရေးအဖွဲ့ (Institute of Strategic Studies Islamabad – ISSI) တို့အကြား အလုပ်သဘောညှိနှိုင်းချက် ရေးထိုးသည့်အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃ ရက် (ကြာသပတေးနေ့) နေ့လယ် ၁၂း၃၀ နာရီ အချိန်တွင် Virtual ပုံစံဖြင့် ကျင်းပခဲ့ပါသည်။ အလုပ်သဘောညှိနှိုင်းချက်ကို မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အစ္စလာမာဘတ် မဟာဗျူဟာလေ့လာရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်တို့က လက်မှတ်ရေးထိုးခဲ့ပါသည်။ ထို့နောက် တာဝန်ရှိပုဂ္ဂိုလ်များမှ နှစ်ဖက်အဖွဲ့အစည်းများအကြား အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ အခမ်းအနားသို့ ပါကစ္စတန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝဏ္ဏဟန်၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် အစ္စလာမာဘတ် မဟာဗျူဟာလေ့လာရေးအဖွဲ့ တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။